လေးတူချင်းတွေရဲ့ နှုတ်ရာဇဝင်က အောင်လောင်ငှက်သစ္စာ အကြောင်း



အောင်လောင်ငှက်ဟာ ချင်းတစ်မျိုးသားလုံးရဲ့ အမျိုးသားအထိမ်းအမှတ်ငှက်တစ်မျိုး ဖြစ်ပါတယ်။ သူ့ကို သစ္စာရှိတယ်ဆိုပြီး ချင်းလူမျိုးတွေက ဂုဏ်ယူနေကြပါတယ်။ ဒါပေမဲ့ တခြားချင်းလူမျိုးကတော့ သူ့ကို ဘာကြောင့် သစ္စာရှိတယ်လို့ ပြောကြသလဲဆိုတာ စာရေးသူက မသိသေးဘူး။ အခု လေးတူချင်းတွေရဲ့ နှုတ်ရာဝင်ထဲကနေ အောင်လောင်ငှက်ရဲ့ သစ္စာအကြောင်းအရေးပေးပါမယ်။


လေးတူချင်းတွေရဲ့ နှုတ်ရာဇဝင်အရ အောင်လောင်ငှက်တွေဟာ ရှင်သန်နေဆဲ့ နှစ်ရှည်သစ်ပင် အမြင့်ကြီးတွေအပေါ်မှာသာ သစ်သားတွေကို ဖောက်ထွင်းပြီး ဥတာ၊ ဥဝပ်တာတွေမှသည် ကလေးတွေ အကောင်ပေါက်တဲ့အချိန်အထိ အဖိုဖြစ်သူက အမကို အစာရှာကျွေးရတယ်။ အစာစားလို့ရ‌အောင် နှုတ်သီးလောက်ပဲဆန့်တဲ့ အပေါက်ကို ချန်ထားကြပါတယ်။ ကလေးတွေ ပေါက်လာတော့လည်း မိခင်ရော၊ ကလေးကိုပါ အစာ ရှာကျွေးရတယ်။ မိခင်ဖြစ်သူဟာ ဥစတင်ဝပ်တဲ့အချိန်ကနေ အတောင်ပံတွေ ကျွတ်ထွက်သွားပြီး သူ့ကလေးနဲ့အတူသာ သစ်ခေါင်းထဲကနေ အပြင်ကို ပြန်ထွက်လာတဲ့ အချိန်အထိ အတွင်းမှာ နေရတယ်။ ဒီအချိန်မှာ အမ(သူ့ဇနီး)ဖြစ်သူ ပိုက်မဝ မချင်း အဖို ဖြစ်သူက စားလေ့မရှိဘူး။ ဒါက သူတို့ရဲ့ သဘာဝလာစည်းကမ်းချက်ဖြစ်ပါတယ်။ အမ ပိုက်ဝမှ အဖိုက စားသောက်ရပါတယ်။ တစ်နေ့မှာတော့ အဖိုဖြစ်သူဟာ အရမ်း ပိုက်ဆာလို့ ရေတံခွန်ရှိတဲ့ တောရိုင်းတစ်ခုမှာ သွားပြီး အစာတစ်လုပ်တည်း သွားစား လိုက်တာ။ သူထင်တာတော့ ရေတံခွန်မှာ ရေတွေကလည်း ဆူညံနေတော့ သူ့ဇနီးက ကြားရမှာ၊ သိမှာ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ သူထင်သလို မဟုတ်ဘဲ သူ့ဇနီးက သူအစာမျိုချလိုက်တဲ့အသံကို ကြားလိုက်တယ်။ ဒါကြောင့် သူယူလာတဲ့ အစာတွေကို အမဖြစ်သူက မစားတော့ဘဲ အသေခံလိုက်တယ်။ အောင်လောင်ငှက်ဟာ လေးတူတွေရဲ့ နှုတ်ရာဇဝင်အရ သစ္စာရှိတယ်ဆိုတာ ဒီပုံပြင်ကြောင့်ပဲ ဖြစ်ပါတော့တယ်။ ဒါပေမဲ့ လေးတူချင်းတွေရဲ့ အမျိုးသားအထိမ်းအမှတ်ငှက်တော့ “လင်းမြီးဆွဲ/ငှက်တော်/ငှက်မင်း” ငှက်ပဲ ဖြစ်ပါတယ်။


အောင်လောင်ငှက်တွေဟာ စာရေးသူတို့နေထိုင်ကြတဲ့ ဆယ်နူးစုံးနှင့် လုံးထီးစုံး (ဆယ်လုံး တောင်တန်းနှင့် ကိုးလုံးတောင်တန်း)အကြားမှာဆိုရင် အဖို၊ အမ နှစ်ကောင် (သို့) အများဆုံး သုံးကောင်အထိသာ ကျက်စားကြတဲ့ အကြီးစားငှက် အမျိုးအနွယ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီငှက်နဲ့အဆင်တူရိုးမှား  ၁၀-၁၅ ကောင်အထိ ကျက်စားနေကြတဲ့ အောက်ချင်းငှက်တွေလည်း ရှိကြပါတယ်။ ဒီငှက် အမျိုးအစားတွေက အကောင်သေးပြီး၊ ဦးချိုကွဲတဲ့ အကြီးစား အောင်လောင်ငှက်ကို Kok Si လို့ ခေါ်ပြီး၊ ဦးချိုမကွဲတဲ့ အသေးစား အောက်ချင်း ငှက်ကို Kok Kek လို့ ခေါ်ကြတယ်။


အောင်လောင်ငှက်တွေဟာ နှစ်ရှည်သစ်ပင်အမြင့်ကြီးတွေအပေါ်မှာသာ သစ်သားတွေကို ဖောက်ထွင်းပြီး ဥတာ၊ အသိုင်းဆောက်တာတွေ လုပ်ကြပါတယ်။ သူတို့မှာ ငှက်ပေါက်စ ၁ မှ ၂ ကောင်အထိသာ အများဆုံး ပေါက်ဖွားတတ်ပါတယ်။ မိခင်ဖြစ်သူဟာ သူ့မရဲ့ ဥကို ဝပ်တဲ့အချိန်မှသည် ကလေး(chicks)တွေ အတောင်ပံတွေ အတော်အသင့်စုံလင်လာတဲ့ အထိ အတွင်းမှာပဲ နေရတယ်။ အဖိုက အစာကျွေးရတယ်။ ကလေးပေါက်လာ တော့လည်း အားလုံးအတွက် ရှာကြွေးရတယ်။ ဒါက ဖခင်ရဲ့ တာဝန်ပေါ့လေ။ ဒီလို သူနေလိုက်ရတော့ အတွင်းဘက်ခြမ်းမှာ ပိတ်မိသွားတယ်။ ဒီလိုဥဝပ်နေရတဲ့အချိန်မှာ သူ့သဘာဝ ကြောင့်လား? သို့မဟုတ် အပူချိန်ကြောင့်လည်း ဖြစ်မယ် သူ့ရဲ့ အတောင်ပံတွေ အကုန်ကြွတ်ထွက်သွားတယ်။ သူ့ရဲ့ပေါက်စကလေးငယ်တွေနဲ့အတူ အတောင်ပံတွေ ပြန်ထွက်လာတယ်။ Wikiwand(ယခင် Wekipedia) ကလည်း ဒီအချက်တွေ မှန်ကန် ကြောင်းကို ဖော်ပြချက်ထားတဲ့အပြင်၊ အောင်လောင်ငှက်အမဟာ သစ်ခေါင်းအတွင်းမှာ ရက်ပေါင်း (၃၈-၄၀)အထိ နေရတယ်လို့ ဆိုပါတယ်။ အစာဟစားလို့ရ‌အောင် နှုတ်သီးလောက်ပဲ အပေါက်ကို ချန်ထားကြပါတယ်။ ဒီရက်ပြည့်လာတဲ့အခါ မိခင်က မြေစေး/ရွံ့စေတွေကို ဖြိုချပြီး၊ အပြင်ထွက် လာလိုက်တယ်။ နောက် (၂)လောက်အကြာ မှာတော့ သူ့ကလေးတွေ အပြင်ဘက်သို့ ထွက်လာကြတယ်လို့ ဆိုပါတယ်။


အောင်လောင်ငှက်(great horn bill)ဟာ ဦးချိုချိုအကြီးအကြီးပေါက်တဲ့ ငှက်အမျိုးအစား (the hornbill family)ထဲမှ တစ်မျိုး ဖြစ်ပါတယ်။ ၎င်းကို အိန္ဒိယတိုက်ငယ်နှင့် အရှေ့တောင်အာရှတို့မှာပဲ တွေ့ရှိနိုင်တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ တောင်ပိုင်းရှိ Kerala ပြည်နယ်အစိုးရက ၎င်းကို Kerala ပြည်နယ်ရဲ့ တရားဝင်ငှက်အဖြစ် ကြေညာခဲ့ပါတယ်။


မှတ်ချက်။ ဤဆောင်းပါးအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၃၀)ရက်နေ့တွင် revisited ပြုလုပ်ထားပါသည်။ 

 

အောက်ချင်းငှက်

Your encouragement is valuable to us

Your stories help make websites like this possible.