Hodëp အား မြင်တွေ့ရစဉ်
ခေတ်ရှေ့ပြေးနေတဲ့ လေးတူချင်းအမျိုးသမီးတွေရဲ့ Hodëp နှင့် Ponpya အကြောင်း တစေ့တစောင်း
လေးတူချင်းအမျိုးသမီးတွေမှာ ရိုးရာထဘီအတို(စကက်)ကို ဂုဏ်ယူစွာဖြင့် ဝတ်ဆင် တတ်ကြပါတယ်။ ဒါက ရိုးရွာပွဲများရှိမှသာ ဝတ်ဆင်ကြတာမဟုတ်ပေမဲ့ သာမန်အချိန် တွေမှာလည်း ဝတ်ဆင်တတ်ကြပါတယ်။ ပွဲများတွင် အထူးဦးစားပေး ဝတ်ဆင် ကြတာလည်း ရှိပါတယ်။
သူတို့ဝတ်ဆင်ကြတဲ့ ရိုးရာထဘီစကက်ကို hodëp နှင့် ponpya လို့ခေါ်တယ်။ တကယ်တော့ hodëp နှင့် ponpya ဆိုတာ သက်သက်စီ ခွဲခြားလို့ မရပေ။ ဒါပေမဲ့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းက သက်သက်စီကို kikki ခေါ် ကြေးနီ/ဝါဖြင့် ပြူလုပ်ထားတဲ့ ခါးပတ်နဲ့ ပတ်ပြီးမှ ဝတ်ဆင်ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် hodëp နှင့် ponpya၊ kikki ဆိုတာ One-set တစ်ခုဖြစ်ပါတယ်။ တစ်ခုချင်းစီကို လိုတိုရှင်း ရှင်းပြသွားပါမယ်။
Hodëp ဝတ်ဆင်ထားသော လေးတူ အမျိုးသမီးအား မြင်တွေ့ရစဉ်
(၁) Hodëp
Hodëp ဆိုတာ ထဘီရဲ့ အနောက်ဘက်ခြမ်းက ရိုးရာဝါ၊ ချည်ထည်နဲ့ ရက်လုပ် ထားတဲ့ အထည်ကို ပြောပါတယ်။ သူက အနက်ရောင်နဲ့ အနီအစင်းကြောင်း လေးတချို့ပါသလို၊ ရိုးရာအကွက်စိတ်ကလေးတွေလည်း ပါဝင်တယ်။ ဝတ်မထားတဲ့ အချိန်မှာ ဒီအတိုင်းလှမ်းထားရင် တချို့က တဘက်လို့တောင် ထင်စရာရှိပါတယ်။ ဒါကြောင့် ဒီ Hodëp ဆိုတာ ထဘီကွင်းလို ချုပ်ထားလို့ မရဘူး၊ ချုပ်ထားတဲ့ အထည်ဆိုရင် ရိုးရာ မဟုတ်တော့ဘူး။ အရှည်က ဒူးအနီးအနားဝန်းကျင်ပဲ ရှိပါတယ်။ ထိုင်လိုက်ရင် ဒူးအထက်နား ရောက်နေတတ်ပါတယ်။
Khrangim၊ Hodëp နဲ့ ponpya ဝတ်ဆင်ထားသည့် အမျလေးတူချင်းအမျိုးသမီးအား မြင်တွေ့ရစဉ်။
(၂) Ponpya
Ponpya ဆိုတာက Hodëp နဲ့ တွဲဝတ်ရတဲ့၊ အရှေ့ဘက်ခြမ်းက ဗမာအထည်ကို ပြောတာ ဖြစ်ပါတယ်။ အထူးသဖြင့် အနီရောင်သန်းပြီး အစက်ကလေးတွေပါတဲ့ အထည်ကို ရွှေးချယ်ကြရပါတယ်။ ဒီအထည်ဟာ ရိုးရာအရ ရက်ထားတာ မဟုတ်ပေမဲ့ လည်း ချုပ်ထားလို့လည်း မရပြန်ဘူး။ ဒီအတိုင်း အမျိုးသမီထဘီအသားကို ဝယ်ပြီး လိုအပ်သလို ပိုင်းဖြတ်တာ ရှိသလို၊ ဒီအတိုင်းဝတ်လို့ရတာလည်းရှိပါတယ်။ မိန်းကလေးရဲ့ ခန္ဓာကိုယ် အချိုးအစားအရ လိုအပ်သလို ပိုင်းဖြတ်တာ လုပ်ဆောင် ကြရပါတယ်။
Hodëp နဲ့ Ponpya က အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း၊ တခြားစီ ဖြစ်နေတော့ ဘယ်လို ဝတ်ဆင်ကြသလဲဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။ ဒါကို အောက်မှာ ဖြေပေးပါမယ်။
Hodëp နဲ့ ponpya ဝတ်ဆင်တဲ့အခါ ခါးမှာပတ်ထားရတဲ့
Kikki ခေါ်အမျိုးသမီးခါးပတ်တန်ဆာအား မြင်တွေ့ရစဉ်
(၃) Kikki ခါးပတ်ကြိုး။
လေးတူချင်း မိန်းကလေးတွေက Hodëp နဲ့ Ponpya က အရှေ့ဘက်ခြမ်းနဲ့ အနောက် ဘက်ခြမ်း၊ တခြားစီ ဖြစ်နေတော့ Kikki ခေါ် ကြေးဝါ/နီ ကြိုးနဲ့ ခါးမှာ ပတ်ဝတ် ကြပါတယ်။ ဒီ Kikki ကို လက်မ/လက်သန်း အရွယ်အစားခန့်ရှိတဲ့ ကြေးနီ/ဝါကွင်း သေးသေးကလေးတွေကို စံပယ်ပန်းကို ချည်ကြိုးနဲ့ သီထားသလိုမျိုး၊ ချဉ်ထည် အကောင်းစား၊ ကွင်းဆိုဒ်နီးပါးရှိခဲ့ ၆-၇ ပင်လိမ်ထားတဲ့ ချည်ကြိုးနဲ့ သီထားကြပါတယ်။ ကြိုးက ရှည်ရပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ခါးကို အနည်းဆုံး ၄-၆ ပတ်အထိ ပတ်ထားနိုင်ရပါတယ်။ ကြေးနဲ့ လုပ်ထားတဲ့အထည်ဖြစ်နေတော့ အတော့်ကို လေးလံပါ တယ်။ သာမန် ယောကျ်ားတစ်ယောက်ရဲ့ ခါးပတ်ထက် လေးလံပါတယ်။
Hodëp နှင့် Ponpya အဆင်အယင်က အခုခေတ်စကက်နဲ့ ပိုတူနေပါတယ်။
The Front of A Ponpya
Nowadays, some modern women's sarongs and skirts worn for attending events are not stitched at all; they are simply wrapped and worn just like that.
Furthermore, the office attire worn by women in corporations includes fairly short skirts, adapted to modern trends and the specific requirements of the corporate workplace. They look neat and are comfortable to look at.
Back when we were teenagers around 2004, seeing someone wearing such a short skirt felt very unusual or like a bold, "hot" trend. However, this style of dressing has simply become the style of the era. On the other hand, Hodëp and Ponpya have been worn by our Letu Chin women and mature young girls for hundreds of years. Therefore, skirts are nothing new or unusual to young Letu Chin women who know their own traditional heritage. To them, a modern skirt is simply a contemporary fashion that does not require separate front and back pieces, nor does it require a Kikki.
There is one more thing to mention. When some young women nowadays wear short skirts, they often face accidental mishaps when sitting down or standing up. However, Letu Chin women wearing Hodëp and Ponpya are incredibly neat and graceful when they sit and stand. Even though the front and back pieces are completely separate, they remain exceptionally modest and secure. Moreover, the historical absence of sexual harassment within the Letu community is a true point of pride for the Letu Chin ethnic group in this modern era.
In the future, I hope to see Hodëp and Ponpya designed not as separate pieces, but as a single, combined piece in a modern style. The Kikki can still be worn around the waist as usual for adornment during festivals. At other times, the modern Hodep and Ponpya would be separate only in name while being a single, continuous skirt. This would certainly make it neater, as well as safer and more beautiful in line with modern needs.
Photos taken from the Mantels of Merit are credited.
Xm Khing
15-10-2023
လေးတူ(ချင်း)များ၏ ရိုးရာဝတ်စုံများအား ပြန်လည်ရှာဖွေတွေ့ရှိခြင်း။
Tuqkuawkra-a, 2011 nhu lamma, Letu hyjulhiq poqcai khrawng "Hyju Khonhxplhiq, a cyj khonhxp langlhiqa, thumcen suiqsawklheq an khoqbawqawi khrawng a mhu-ui laqtiq a khxtta a bji.
Sinahacä, hjmma tawqawi cjntiq thumcën suiqsawk phëmlhiq sample mji tiyaq khencuvjng suiqsawk tha yxyanglhiq tawk thequna an khoqoi khrawnglheq a mhu-ui laq khrawng a nxtcaknaw pha. Ni suiqsawklheq khrawng "hjm mjngkxq suiqsawklhiq jng tu-ui yaq. Putaw suiqsawkka yoi a pui khennjng Karen yxyanglhiq themcën suiqsawklhiq an ljuqve. Pjnnjngce, putaw suiqsawk na mhutaw suiqsawk mhaw thequna an khoqbawqawi khrawnglhiq ha a mhu-ui laq khrawng lungbong pawiyi naw khoq yaq.
Ni baw Letu hyju thumcën siyaq tiq suiqsawklheq khoqoi thequna Letu hyju yx suiqsawk tiyjng mhawn yaq cek a hawuve khrawnglheq a mji khencuvjng ni baw thonne laq tiq a si. Pumhaw yxyang na pumhaw thumcën lheq jng soilhëngetiq poqcai khrawnglhiq han yunne laq äq khrawng cä, "Thumcën mhaw laq yju, thumcën tha poqcai laq yju, hjm thumcënlhiq suiba theqna record a poqcaiye laq äq,"nawk khrawng lungbong dukka tawkke theq ai a lx. A mhawnna nawkhxcä, ni bawng yxyang thumcën njng soilhëngetiq lheq khrawng pumhaw yxyang tokka Cawpe na Thumcën Poqcaitiq organization khrawng a lhyjya an poqcai yaiya a tawnne tyä. Mhawnyaqtiq na ni baw innovations poqcai khrawnglheq këmpaw kung mjitiq ni baw khokumlhiqa mhawnmxtiq hihi thumcën suiqsawklhiq mhui dang ti hxcä, lennu cangpawlhiq, hjm canglhiqa cet theqna nhiqmin khrawng a khxtta a bji. ni cä, research luq si theqna hjm mjngkxq thumcënlhiq na sawk khrawng imlhiq, suiqsawklheq sawngnge khrawng nga a thonne. Tuqa hjmcanglheqa nhiqmin nai ha hëng ti yju uq khencuvjng nhiq ai laq ti yaq. Khlawng sawk nawk khrawng cä ivëk ha kau yju an dx laq. A cyä vawng hawt lam macä civilized society ya han hëng khencuvjng khlawnglhiq jng soilhëngetiq suiqsawk, khoqbawqawi khrawng lheq Museumlhiq na Library lheqa cxm pet khrawng lhiq a mji. Jn njng tuqa, Letu hyju suiqsawk photos lhiq online ngjngkxq laqaitiq mëqcaw a mji, a dawn nga a dawnne.
၁။ ကျားဝတ်အင်္ကျီ(Khrangim)
Putaw phang ngä khrawngim tina an hawu. Ni suiqsawk a tha tawkba-ai a khawt tiyjng a yaw-awilaq. Ni phang tawq hxva, a lhyjya kut yung a lx tiyjng a yaw-awi laq. A cyä u nghawt cä, phang ngjng puitiq vawngla lhiq mji yju vjng a soilhënge. Pawitiq bok, seng, këng, etc...lheq na elung lhiq laq ai khoq yaq.
American somdekka langdjtiq Philadelphia Museum of Art ta Letu hyju thumcën suiqsawk cxm theqna a dawnne khrawng a khomme laq. Niya lonhxttiq khokum 1920-1950 bawng nga tawkketiqa a thonne tina a yo-oi. Tuqa nawkhxcä, khokum (98) kum bawng nga a diu hxq. Tuqa tawkketiq jng/dj a tui-ui kat. Nhetiq nacä "khrangim"tiyjng an yok, sinha Pinterest na a yok khrawng cä putaw suiqsawk na mhutaw suiqsawk hjiq u nhiq djn a dawnne khrawng a khomme laq.
Ni Woman's Tunic Laytu from Minbyar Township, Burma, circa 19th Century For Sale at 1stDibs yaha 19 century lhiqa tawkketiq khrangim khrawng mhutaw suiqsawk tiyjng mhawn yaq kaw an yok
၂။ မဝတ်အင်္ကျီ(khranhën)
Mhutaw khoqoi khrawng khrawnghën tiyjng an hawu. Silk bok, sen, jiqljm lung, pjnnjng cä, ceramic art tjng poqoitiq phangcik lhiq ha an thun. Tuq khet ta cä, ni bawng vanlalhiq mji tiyaq khencuvjng simx yaqtiq(atuq)lhiq dj an summä hxq. Tuqa nam lamma(sjmlong) ni suiqsawk hjm mjngkxq bawtjngnga an tawqba khoq hxq. jiljm lung lheq pjtdj a lxi ham/hxq. A dawn nga dawn khrawng cä mëqcaw khetpawva tawkke tiqa a thonne. Hjm mjngkxq bawtjngnga an tawqba khoq hxq tyä, sinaha lap nghawt tjng 250.000 mmk bawng nga an tong tiyjng a yaw-awi laq.
Letu hyjulheq tok hjm mjngkxq bawtjngnga khrangim na khranhën lheq tawq ba-ai a lx nawk khrawng pjpjiqna nxtcak kai a lx.
Letu hyjulheq suiqsawk: putaw phang Khrangim na mhutaw phang khranghën lheq khrawng hjm mjngkxq bawkungnga tawkba-ai a lx tiyjng hawu dang ka ti.
#လေးတူချင်းရိုးရာဝတ်စုံများ
#khranhën #khrangim #letuchin
လေးတူ(ချင်း)တွေရဲ့ ကလေးကင်ပွန်းအမည်တပ်နည်း။
လေးတူချင်းတွေဟာ ကလေးငယ်တွေ ဖွားမြင်လာပြီဆိုရင် ကလေးကို ကင်ပွန်း အမည်တပ်တဲ့အခါ အောက်ပါအချက်(၃)ခုကို မဖြစ်မနေ လိုက်နာကြပါတယ်။
၁။ ဖခင်အမည် ထည့်ရတယ်။
၂။ မိမိရဲ့အစဉ်(အနွယ်)ထဲက အမည်တွေကိုပဲ ပြန်လည်အသုံးပြုကြရတယ်။
၃။ နာမည်က ပုံသေ (၂) လုံးပဲရှိကြတယ်။
၁။ ဖခင်အမည် ထည့်ရခြင်း။
ဖခင်အမည်ထည့်ခြင်းဟာ လေးတူတွေရဲ့ မဖြစ်မနေလိုက်နာကြရတဲ့ ဓလေ့တစ်ခု ဖြစ်ပါတယ်။ ဖခင်ရဲ့အမည်ကို သား/သမီးရဲ့အမည်နောက်မှာ ကပ်ထည့်ရတယ်။ အဖေမရှိဘဲ မွေးလာတဲ့(မတော်တဆ၊ ဖခင်မပေါ်ခဲ့သော်)သား/ သမီးဆိုတာ တွေကိုတောင် ကလေးမိခင်က ခေါ်စေချင်တဲ့ သူ(ကျား)ရဲ့ အမည်နဲ့ တွဲခေါ်ကြပါတယ်။
ဥပမာ -
၁။ Thang Hnet(ကျား) ဆိုရင် အမည်ရင်းက “Thang” ဖြစ်ပြီး “Hnet” က သူ့အဖေရဲ့ နာမည်ကို ပြန်လည်ထည့်သွင်းထားတာ ဖြစ်တယ်။
၂။ Bawl Hnet(မ) ဆိုရင် “Bawl” က အမည်ရင်း၊ “Hnet” က ဖခင်အမည် ဖြစ်ပါတယ်။
ဒါကြောင့် လေးတူချင်းတွေက လူတစ်ယောက်ရဲ့ နာမည်အပြည့်အစုံ ပြောလိုက်တာနဲ့ ဘယ်သူ့ရဲ့သားဖြစ်တယ်ဆိုတာ တန်းသိကြတယ်။ အစဉ်(အနွယ်)သိစရာ မလိုဘူး။
၂။ မိမိရဲ့အစဉ်(အနွယ်)ထဲက အမည်တွေကိုပဲ ပြန်လည်အသုံးပြုခြင်း။
လေးတူချင်းတွေက ခြွင်းချက်တွေရှိနိုင်ပေမဲ့လို့ တခြားနာမည်အထူးအဆန်း (သို့) တခြားသူတွေရဲ့ အနွယ်(အစဉ်)က နာမည်တွေကို ယူသုံးလေ့မရှိကြဘူး။
အပေါ်က ဥပမာ (၂) ခုစလုံးကို ကြည့်တဲ့အခါ၊ အဲဒီအမည်(၂)ခု စလုံးဟာ သူတို့ရဲ့ ဆွေစဉ်ထဲကနေ အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါနဲ့ တချို့အမည်တွေက အနွယ်(အစဉ်) တိုင်းမှာ အသုံးပြုတဲ့၊ အများနာမည်တွေလည်း ရှိနေတတ်ပါတယ်။
၃။ နာမည်က ပုံသေ (၂) လုံးတည်းသာ ထားရှိခြင်း။
အပေါ်ဆုံးက နမူနာကို ကြည့်လိုက်ရင် “ကျား”ရော၊ “မ”ပါ အမည် (၂)လုံးစီသာ ရှိထား ကြတာကို သတိပြုမိပါလိမ့်မယ်။ ဒီအချက်က လေးတူချင်းတွေကို လုံးဝထူးခြားစေတဲ့ အချက်တစ်ခုထဲက အပါအဝင် ဖြစ်ပါတယ်။
ကလေးအမည်ပေးတဲ့အခါ ဖခင်ရဲ့အဖေဖြစ်သူ၊ အဘိုးက ပေးလေ့ရှိသလို၊ တကယ်လို့ မွေးကင်းစကလေးရဲ့ အဘိုးမရှိတော့ပါက ဖခင်ဖြစ်သူက ဖြစ်ဖြစ် အမည်ကို ပေးတာတွေလည်းရှိပါတယ်။
နောက်ဆုံးအနေနဲ့ သိထားသင့်တာက လေးတူတွေဟာ တွီဆစ်(ချင်းပုံ) အမည်တွေ၊ Vet လို့ခေါ်တဲ့ “မယာချင်း/Daai/Dai” အမည်နာမတွေကိုလည်း အသုံးမပြုကြဘူး။ သူတို့ ယုံကြည်ချက်အရ အမည်နာမတွေက တခြားလူမျိုးတွေနဲ့ ကွဲပြားခြားနားစေ တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူကြီး(အသက် ၅၀ နှင့်အထက်)တွေဆိုရင် “ချင်းနာမည်”တစ်ခု ကြားလိုက်တာနဲ့ ဒါက “ချင်းပုံအမည်၊ Daai/Dai ပဲ” စသဖြင့် တန်းသိနိုင် ကြတယ်။
အခု ရေးသားတဲ့အချက်တွေက “လေးတူချင်းတွေရဲ့ ထုံးတမ်းဓလေ့အစိတ်အပိုင်းတွေ ထဲမှ ကင်ပွန်းအမည်တပ်ခေါ်နည်းစနစ်ပဲ” ဖြစ်ပါတယ်။ အခုခေတ်မှာတော့ တချို့က ဘာသာရေးဆိုင်ရာ အမည်နာမတွေ ထည့်လာကြတယ်။ ဒါပေမဲ့ ဖခင်အမည်ကိုတော့ ပုံမှန်အတိုင်း ထည့်ထားကြစမြဲပဲ ဖြစ်ပါတယ်။
Xm Khing
ဇူလိုင်လ (၁)ရက်၊၂၀၂၃ ခုနှစ်။
#Letu #လေးတူချင်း #ကလေးအမည်တပ်နည်း