Letu hyju pawcong na pawsawng

Mang-U အစိုင်တစ်ခုနဲ့ Mangun အစိုင်(၆)ခု မတူ


လေးတူ(ချင်း)ထဲမှာ ပုံမှန်အားဖြင့် အစိုင်(၆)ခုစီနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီအထဲမှာ ရခိုင်ပြည်နယ်မင်းပြားမြို့နယ် ဇိုင်ချောင်း-ပေါက်တောကျေးရွာ၊ တောင်လောင်ဒေသနှင့် ၎င်းတို့နီးစပ်တဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ Mang-U အစိုင်တစ်ခုနှင့် ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊  လေးမြို့ဒေသ သံထောင်ဧရိယာမှာ နေထိုင်ကြတဲ့ အစိုင်(၆)ခုပေါင်းကိုခေါ်တဲ့ Mangun နဲ့  တူသလားလို့ တချို့က မေးမြန်းကြာတာ ကြားဖူး ပါတယ်။ အဖြေက အပေါ်မှာ ရေးတဲ့အတိုင်းပဲ  Mang-U ဆိုတာ အစိုင် (၆)စိုင်ထဲက အစိုင်(၁)ခုတည်းရဲ့ အမည်ပဲ ဖြစ်ပါတယ်။ Mangun ဆိုတာက အစိုင် (၆) စိုင်ပေါင်း အမည်ဖြစ်ပါတယ်။ အောက်မှာ Mang-U ပါတဲ့ အစိုင်(၆)ခု နှင့် Mangun အစိုင်(၆)စိုင်ကို ဖော်ပြပေး လိုက်ပါတယ်။ 
Other Cluster
1. Ku Li
2. Ceng Thuaw
3. Mang-U
4. Cai Ke 
5. Pu son
6. Kawk Lhe
Mang U cluster (ဖုန်းလောင်၊ ပလက်ဝမြို့နယ်)။ 
1. Lawng Luq
2. Yan Njng
3. Sawng.Thong
4. Pan Boi 
5. Cai 
6. Bjiq Tji 
လေးတူ(ချင်း)တွေထဲမှာ Mangun လိုပဲ နာမည်ကြီးတဲ့ အစိုင်(၆)စိုင်ပါတဲ့ တချို့ကိုလည်း ဖော်ပြ လိုပါတယ်။ Lai(phunglong)ထဲက Sing nhik အုပ်စု၊ Sjmya အုပ်စု၊ Ken အုပ်စု၊ Syj/syä အုပ်စု၊ Buzo…စသည်တို့လည်း နာမည်ကြီးကြပါတယ်။ သို့သော် ၎င်းတို့အားလုံးသည် လေးတူ(ချင်း)မျိုးနွယ်စုအဝင်တွေပဲ ဖြစ်ကြပါတယ်။ 
စေတနာဖြင့်-


အောင်မြင့်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(၁၉)ရက်

https://institute-of-chin-studies.webflow.io/posts/the-mang-u-and-mangun-groups-among-the-laytu-chin-people?utm_id=97757_v0_s00_e0_tv2_a1den5etssq6kv&fbclid=IwY2xjawUBBwpwZG9mAWV4dG4DYWVtAjExAHNydGMGYXBwX2lkEDIyMjAzOTE3ODgyMDA4OTIAAR59MkUQEQRrBI3yQFXBvYCAd4NcoR8gUinMoixW2fEPE7edydCB4KFU4jNJuQ_aem_v0TS8PiE5Ri1YqQ3AY6Ibg
#လေးတူချင်း #letuchin #mangun #Mangu #clan 

Nang encouragement khrawng kihi tok a lhyäya a bji.

Nang stories lhiqna websites ka ni baw a poqcai pet.